Myanmar's digital dictatorship

အသက်ပေါင်းများစွာ ဆုံးရှုံးသည့် အာဏာသိမ်းပြီး ၂ နှစ်အကြာ- မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးများကို ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းတောင်းဆို

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဥ်ကို ဖျက်ဆီးကာ လူများစွာ သေကြေစေ ခဲ့သည့်  စစ်တပ်၏ အာဏာသိမ်းမှု စတင်ခဲ့သည်မှာ ယနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်  ၂ နှစ်ပြည့် ခဲ့ပြီ ဖြစ်သည်။​ ထောက်လှန်း စောင့်ကြည့်သည့် ယန္တရားများကို တိုးချဲ့ တည်ဆောက်ကာ ဒီဂျစ်တယ် အသုံးပြုမှု နယ်ပယ်ကိုပါ ထိန်းချုပ်ခြင်းဖြင့် စစ်တပ်က ၄င်းတို့၏ အကြမ်းဖက် အာဏာသိမ်းမှုကို ပိုပြီး ခိုင်မာအောင် လုပ်ဆောင်လာသည်။​  ရက်ပေါင်း ၇၀၀ ကျော်ကြာ ခံစားခဲ့ရပြီး ဖြစ်ရာ ဤအကြမ်းဖက် အာဏာသိမ်းမှုကို အပြီးသတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။​

ပူးတွဲ ထုတ်ပြန်ချက် တစ််စောင် ထုတ်ပြန်ကာ Access Now နှင့် ကမ္ဘာတစ်ဝှမ်းရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းများက မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူသိရှင်ကြား ရှုတ်ချရန်နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူများကို နောက်ယောက်ခံ ထောက်လှမ်း စောင့်ကြည့်ရန် ရည်ရွယ်တပ်ဆင်သည့် စစ်တပ်၏ ရှုပ်ထွေးသည့် ထောက်လှမ်းရေး ယန္တယားများကို ဖယ်ရှားရေး ကြိုးပမ်းမှုများကို ထောက်ခံအားပေးရန် နိုင်ငံတကာ အသိုင်းအဝန်းအား တောင်းဆိုလိုက်သည်။​

“စစ်တပ်က လုပ်မယ့် လာမယ့် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနှုန်းတွေရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာ အကြောင်း မရှိသလို၊ တစ်ဖက်မှာလည်း စစ်တပ်က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေရဲ့ ပူးပေါင်းမှုနဲ့ အန္တရာယ်ရှိတဲ့ ထောက်လှမ်းစောင့်ကြည့်ရေး ယန္တရားတွေကို တည်ဆောက်နေပါတယ်” ဟု Access Now မှ အာရှ ပစိဖိတ်ရေးရာ အကြံပေး ဝေဖြိုးမြင့်က ပြောသည်။ “မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လုံးဝအသံတိတ်ဆိတ်နေမှုနဲ့ အတူ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ စစ်တပ်အမိန် နာခံလုပ်ဆောင်မှုတွေက သန်းနှင့်ချီသောပြည်သူတွေကို ပိုဒုက္ခဖြစ်စေတာ တွေ့ရတယ်။​”

စစ်တပ်က လူထု၏ ခုခံတွန်းလှန်မှု လုပ်ငန်းများကို ခြေရာခံရန်နှင့် ပစ်မှတ်ထားရန် ရည်ရွယ်ကာ ထောက်လှမ်စောင့်ကြည့်ရေးယန္တရားများ တပ်ဆင်လာသည်ကို တွေ့ရသည်။​ နောက်ဆုံးနိုင်ငံခြားပိုင် ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် Telenor နှင့် Ooredoo တို့ကို စစ်တပ်က ၄င်းတို့နှင့် ဆက်စပ်သည့် ကုမ္ပဏီများအား ရောင်းချေစေကာ​ တစ်ဖက်တွင်လည်း အဆိုပါ ဆက်သွယ်ရေး ကွန်ရက်များပေါ်တွင် ကြားဖြတ်နားထောင်သည့် နည်းပညာများကို အသက်ဝင်စေခဲ့သည် ဖြစ်ရာ အာဏာသိမ်းချိန် ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလက စပြီးလုပ်ဆောင်ခဲ့သည့် လူထု၏ ဒီဂျစ်တယ်နယ်ပယ်နှင့်  ဒေတာများကို စုစည်းထိန်းချုပ်ရေးကို စစ်တပ်က လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ အဆက်မပြတ် အင်တာနက်ပိတ်မှုများ၊ ​ ထို့အတူ ဆင်းမ်ကတ်များနှင့် သီးသန့် IMEI နံပါတ်များကို အတင်းအကြပ် မှတ်ပုံတင်ခိုင်းခြင်းဖြင့် ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို ပေးဆောင်ရန် လူထုကို အတင်းအကြပ်ခိုင်းစေခြင်းများကို စစ်တပ်က လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် သုံးစွဲသူများ၏  တည်နေရာအချက်အလက်များ​ ကောက်ယူသလို၊  အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သည် ဆိုသည့်  စွပ်စွဲချက်များဖြင့် အဆိုပါ နံပါတ်များဖြင့် ဖွင့်ထားသည့် မိုဘိုင်းငွေပေးချေမှု အကောင့်များကို ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။​

ပူးတွဲ ကြေညာချက်တွင် ဖော်ပြတောင်းဆိုသည့် အတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အောက်ပါ အချက်တို့ကို လုပ်ဆောင်ရန်

 

  • လူ့အခွင့်အရေးချိုးဖောက်နေသော စစ်တပ်နှင့် စစ်တပ်အား အထောက်အပံ့ပေးနေသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို လူသိရှင်ကြား ရှတ်ချခြင်းနှင့် ဆန့်ကျင့်ခြင်း ပြုလုပ်ရန်၊
  • နှစ်မျိုးသုံး ထောက်လှန်း စောင့်ကြည့်ရေး နည်းပညာများအား မြန်မာကို ထောက်ပံ့ ရောင်းချနေခြင်းကို တားမြစ်ရန် တင်းကြပ်သည့် တင်းကြပ်သည့် အစီအမံများ ထားရှိးရန်။ 
  • လူ့အခွင့်အရေး ကာကွယ်သူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းနှင့် သတင်းသမားများ  အပါအဝင် မြန်မာပြည်သူ ပြည်သားများ ရင်ဆိုင်နေရသော စစ်တပ်၏ အန္တရာယ်မှ ကာကွယ်ရန် အတွက် ထိရောက်သည့် အထောက်အပံ့များ ပံ့ပိုးဆောင်ရွက်ရန်။ 

တစ်ချိန်တည်းတွင် စီးပွားရေးလုပ်ငန်းမျာက ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ရန် အသုံးမပြုကြောင်း သေချာစေရန် အသေးစိတ်ဆန်းစစ်မှု လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံတွင် ကျရောက်နိုင်သည့် အန္တရာယ်များအတွက် ကုစားမှုများကို ဖော်ဆောင်ရန်နှင့် လုံခြုံရေး အစီအမံများ ဖော်ထုတ်နိုင်ရန်အတွက် စစ်မှန်သော လူထုညှိနှိုင်းမှုများ ဖော်ဆောင်ရာတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံသုံးစွဲရန် လိုအပ်မည်ဖြစ်သည်။​

“မြန်မာရဲ့ အာဏာရှင်စနစ်ကို ချေဖျက်ရာမှာနဲ့ နိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ပါဝင်မှုတွေကို တိုက်ရိုက် မေးခွန်းထုတ်နိုင်တဲ့ အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ နိုင်ငံတကာ အသိုက်အဝန်းဟာ ပါဝင်နေပါတယ်” ဟု နိုင်ငံတကာ အတိုင်ပင်ခံနှင့် အာရှပစိဖိတ် မူဝါဒဆိုင်ရာ အကြီးတန်း အတိုင်ပင်ခံ Raman Jit Singh Chima က ပြောကြားခဲ့သည်။ Access Now မှ ဒါရိုက်တာ။ “ဤသို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပျက်ကွက်မှုက အခြား အာဏာ ရှင်များကိုပါ  မြန်မာ စစ်တပ်​၏ အမူအကျင့်များကို အတုယူ လုပ်ဆောင်လာမှုကို အားပေးရာ ရောက်သလို၊​ စီးပွားရေးလုပ်ငန်းများကို စစ်တပ်နှင့် ဆက်ဆံခြင်းမှ အမြတ်အစွန်းများ ဆက်လက် ရရှိစေကာ ၄င်းတို့ လုပ်ရပ်အတွက် တာဝန်ခံရမည့်အခြေအနေက ကင်းလွတ်ခွင့် ရစေပါတယ်။”​

ကြေညာချက်ကို ဖတ်ရှု့ရန်