Access Now and the #KeepItOn coalition's report unpacks internet shutdowns in Eastern Europe and Central Asia, and globally.

မြန်မာနိုင်ငံရှိ အင်တာနက်ပိတ်ဆို့မှုများက – ၂၀၂၂ ခုနှစ်မှာ စစ်တပ်ရဲ့ ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထောက်ကူပေးခဲ့

Read in English

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အာဏာပိုင်များက နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် အင်တာနက်ကို ၁၈၇ ကြိမ်ထက် မနည်း ပိတ်ဆို့မှုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့သည်။​ မြန်မာနိုင်ငံ တွင် စစ်တပ်က ၄င်းတို့၏ လူမဆန်သော အကြမ်းဖက်မှုများကို ဖုံးကွယ်ရန် နှင့် တော်လှန်ရေး ကို ချေမှုန်းရန် ၇ ကြိမ်ထက် မနည်းသော အင်တာနက်ပိတ်ဆို့မှုကို လုပ်ဆောင်ကာ နိုင်ငံအဝှမ်း အင်တာနက် ဆက်သွယ်ရေး ရရှိရေးကို စံနှုန်းဖြစ်အောင် လုပ်ဆောင်ရမည့် အစား ကန့်သတ်မှုများကိုသာ လုပ်ဆောင်လျက်ရှိသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် Access Now နှင့် the #KeepItOn တို့က ထုတ်ဝေသော Weapons of control, shields of impunity: Internet shutdowns in 2022ထိန်းချုပ်ရေး ၂၀၂၂ ခုနှစ် အင်တာနက် ပိတ်ဆို့မှု –  ထိန်းချုပ်ရေး လက်နက်များ တစ်ဖြစ်လဲ ပြစ်ဒဏ်ခံရမှုက ကင်းလွတ်ခွင့် ရနေစေသည့် ဒိုင်းကာများ အစီရင်ခံစာတွင်  အင်တာနက်ပိတ်ဆို့မှု ဖြစ်စဥ်များ နိုင်ငံတကာတွင်  ပြန်လည်ခေါင်းထောင်လာရာက အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများတွင် လူ့အခွင့်အရေးအတွက် ဒီဆိုးရွားသည့် တစ်နှစ်တာကာလလေးအတွင်း အင်တာနက်ပိတ်ဆို့မှုများက ကမ္ဘာ့ကပ်ရောဂါဆိုးကြီး မတိုင်ခင်က အနေအထေားကို ချက်ခြင်း ပြန်လည်ရောက်ရှိလာကြောင်းကို ဖော်ထုတ် တင်ပြထားသည်။ အစီရင်ခံစာ အပြည့်အစုံ​global snapshot နှင့် Asia Pacific deep dive တို့ကို ဖတ်ရှုနိုင်ပါသည်။

‘အစိုးရများသည် အင်တာနက်ပိတ်ဆို့ခြင်းကို ထိန်းချုပ်မှု လက်နက်သဖွယ် အပြင် ၄င်းတို့ ကျူးလွန်သည့် ပြစ်ဒဏ်မှ ကင်းလွတ်နိုင်ရန် အကာအရံလက်နက်တခုအဖြစ် ကျင့်သုံးနေသည်’ ဟု Access Now #KeepItOn ကမ်ပိန်းမန်နေဂျာ Felicia Anthonio က သုံးသပ်ထားပါသည်။ “မြန်မာနိင်ငံမှာ ဆက်သွယ်ရေးဖြတ်တောက်ခြင်းကို  စစ်ရေးအတွက် အရေးပါသော လက်နက် အဖြစ် အသုံးပြုနေတာ တွေရတယ်။ စစ်တပ်ရဲ့ ပစ္စည်းလက်နက်တွေဟာ အွန်လိုင်း အာဏာရှင် စံနစ်ကို ထောက်ကူဖို့ ရည်ရွယ်တာ တွေ့ရတယ်။ စစ်ရာဇဝတ်မှုများ အပါအဝင် နိုင်ငံနဲ့ တဝှမ်း စစ်တပ်က ကျူးလွန်နေသည့် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို  ဖုံးကွယ်ဖို့ အင်တာနက် ပိတ်ဆို့ခြင်းကို လက်နက်သဖွယ့် အသုံးချနေပါတယ်။

အဓိကတွေ့ရှိချက်များ

  • အကျယ်အဝန်းပမာဏ – ၂၀၂၂ ခုနှစ်မှာ မြို့နယ် ၃၃၀ လုံးတွင် အင်တာနက်ပိတ်ဆို့မှုကို  အနည်းဆုံး တစ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ မြို့နယ်ပေါင်း ၅၀ ကျော်တွင်မူ အင်တာနက်ဖြတ်တောက်ခံရသည်မှာ လက်ရှိတွင် တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။​
  • ဖြတ်တောက်ခံရသည့် ကြာချိန် – ကချင်ပြည်နည် ဖားကန့်မြို့နယ်သည် အင်တာနက် ပိတ်ခံထားရသည်မှာ ၁၈ လ ကျော် ကြာပြီ ဖြစ်ရာ  အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်ခံထားရမှု ဖြစ်ပါသည်။​
  • ပစ်မှတ် – အာဏာသိမ်း စစ်တပ်သည် ၄င်းတို့ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အင်အားစုများ အားကောင်းသည့် စစ်ကိုင်း၊ မကွေး နှင့် ချင်း တို့တွင်  ၄င်းတို့ ကျူးလွန်နေသာ အကြမ်းဖက်မှုများကို မှတ်တမ်း တင်ခံရခြင်း မှ ကာကွယ်ရန် နှင့် လူထုအကြား သတင်းအချက် အလက် စီးဆင်းမှုကို ဖြတ်တောက်ရန် ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်။
  • ပြဒ်ဒဏ်မှ ကင်းလွတ်အောင် အကာအကွယ်ယူခြင်း– စစ်တပ်သည် ဆက်သွယ်ရေးကုမ္ပဏီများကို ချုပ်ကိုင်ကာ ထောက်လှမ်းစောင့်ကြည့်သည့် အခြေခံအဆောက်အဉီးများ တိုးချဲ့ခြင်း နှင့် မိုဘိုင််းလ်ဖုန်း နှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း တို့ကို လုပ်ဆောင်လျက်ရှိသည်။ သို့ဖြစ်ရာ အင်တာနက်လိုင်းများ ဖြတ်တော်မှု ကြာချိန်နှင့်  ဖြတ်တောက်သည့် အကြိမ် အရေအတွက်ကို စိစစ်သိရှိစေရန် ပိုမိုခက်ခဲစေရာ တကယ့် မြေပြင်တွင် ဖြစ်ပျက်နေသည့် အရေအတွက်သည် ယခု တင်ပြနိုင်သည် ပမာဏထက် လွန်စွာ ပို၍ မြင့်မားနိုင်ပါသည်။​
  • လက်နက် ကိရိယာများ – စစ်တပ်က ပြည်သူများ၏ မိုဘိုင်းလ် ဖုန်းရှိ အချက်အလက်များ ထိန်းချုပ်ထားခြင်း၊​​ ထောက်လှမ်းစောင့်ကြည့်သည့် ကရိယာများတိုးချဲ့ အသုံးပြုခြင်းနှင့် အခါအားလျော်စွာ မိုဘိုင်းလ်ဖုန်းများကို ရှောင်တခင် စ်ဆေးခြင်း စသည် လုပ်ငန်းများကိုပါ တစ်ပြိုင်နက် ပူးတွဲကာ အင်တာနက်ပိတ်စို့မှုကို လက်နက်တစ်ခု သဖွယ် အသုံးပြုလျက်ရှိသည်။​
  • ရလဒ်ကောင်းများ– နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများသည် အင်တာနက် ပိတ်ဆို့ခြင်းအား စစ်လက်နက် တစ်ခု အဖြစ် အသုံးပြုခြင်းနေမှုကို လူသိရှင်ကြားရှုပ်ချခြင်းများ တိုးမြှင့်လုပ်ဆောင် လာလျက်ရှိသလို၊​  #KeepItOn ပူးပေါင်းမှု အဖွဲ့၏ အဖွဲ့ဝင် အရေအတွက်သည်လည်း နိုင်ငံပေါင်း၁၅၀မှ အဖွဲ့ဝင်၃၀၀ အထိ​ ကြီးထွားလာပြီဖြစ်သည်။​

၂၀၂၂ ခုနှစ်တွင် အာရှ ပစိဖိတ်ဒေသတွင်းရှိ အာဖကန် နစ်စတန်၊ ဘင်္ဂလားဒေရှ့်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန် နှင့် သီရိလင်္ကာ နိုင်ငံများတွင် သက်ဆိုင်ရာ အစိုးရများနှင့် အခြားသော တာဝန်ရှိသူများက အင်တာနက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

‘အင်တာနက်ပိတ်ဆို့ခြင်းဟာ  မြန်မာ်ပြည်သူ/သားတွေရဲ့တော်လှန်ရေးမှာ ပါဝင်မှုကို အားလျော့ စေမှာ မဟုတ်ပါဘူး’ ဟု Access Now ၏ အာရှပိစိဖိတ် မူဝါဒရေးရာ လေ့လာသုံးသပ်သူ ဝေဖြိုးမြင့် က ပြောကြားခဲ့ပါတယ်။ ‘အာဏာသိမ်းစစ်တပ်ရဲ့ နည်းပညာအသုံးပြု တိုက်ခိုက် နေမှုများ က လူထုရဲ့ တော်လှန်ရေးစိတ်ဓါတ်ကို ချိုးနှိမ်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာပြည်သူ လူထုကို ကူညီထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်ပေးပြီး  တိုင်းပြည်ကို မတရား အာဏာ သိမ်းရန် ကြိုးစားနေသည့် အကြမ်းဖက်စစ်တပ်ကို တွန်းလှန်နေကြသည့် မြန်မာပြည်သူအပေါင်းနဲ့ တသားတည်းရပ်တည်ပေးရန် တိုက်တွန်းပါတယ်။”​

အစီရင်ခံစာ အပြည့်အစုံ global snapshot နှင့် Asia Pacific deep dive တို့ကို ဖတ်ရှုနိုင်ပါသည်။